Attention Please, All Our Members! Please Don't Write Anything In Myanmar On This Blog. Please Write In Arakan and English.

Monday, August 17, 2009

ဆရားကြီးဦးဦးသာထွန်းပုံနှင့် သူ၏အုတ်ဂူပုံ


Read more...

Wednesday, August 12, 2009

ရခိုင်စာပီ


ရခိုင်စာပီလို့ ပြောလိုက်ကေ ကွိကွိချေ ကောက်ကောက်ချေ အက္ခရာတိကို ပြီးပနာမြင်တတ် ကတ်စွာက ရခိုင်သားတိ အလေ့အကျင့်ဖြစ်နီယာ။ အက္ခရာနန့် စာပီမတူဆိုစွာကို သတိထားရေလူ က နည်းရေ။ ယင်းအတွက် ဇာမာလဲ ရခိုင်စာပီ ဗမာအက္ခရာနန့်တည်းဗျယ် ရီးနီကတ်တေဂါးလို့ တစ်ချို့က ပြောကတ်ပန်ယာ။ ယေခါ အရာတစ်တိုင်က မဟုတ်ဝေး ဒေချင့်စွာ ရခိုင်စာလို့ တုန့်ပြန် ကတ်တေ။ ရယ်ဖို့လေ့ကောင်းယင့်။ ဇာပိုင်ပင်ပြောပြော အေဂုရိုက်ပြနီရေ အက္ခရာကို ရခိုင်က ဗမာထက်စောပနာ သုံးနီခစွာဒေါ့ခါ ငြင်းမလွတ် အမှန်။ ယေဒါလေ့ ဇော်ဂျီဖောင့်ကို ဗမာတိက တီထွင်ပစ်ကတ်တေအတွက် ဒေချင့်စွာ ဗမာအက္ခရာဆိုကေလေ့ အကျွန်ုပ် မငြင်းပါ။


အေနီရာမာ ပြောချင်စွာက အက္ခရာနန့် စာပီမတူစွာကို ပြောချင်စွာ။ အိန်းဂလိခ်ျမာ အက္ခရာကို Alphabet လို့ခေါ်ရေ စာပီကို Literature လို့ခေါ်ရေ။ ဒေချင့်နှစ်ခုက မတူ။ အက္ခရာဆိုစွာ စာပီမဟုတ်၊ စာပီဆိုစွာ အက္ခရာ မဟုတ်။ မတူကေလေ့ ခွဲပစ်လို့မရ၊ ဒေချင့်နှစ်ခုကိုပေါင်းမ စာပီတစ်ခု ရုပ်လုံးပေါ်ဖို့။ Alphabet အက္ခရာဆိုစွာ Languageဆိုရေ ဘာသာစကားတစ်ခုက ပေါက်ဖွားလာရေ Literature စာပီကို မှတ်တမ်းတင်ထားဖို့ Symbol သင်္ကေတတိ ဖြစ်ကတ်တေ။ ယင်းအတွက် လူမျိုးအများကြီး နိုင်ငံတိအများကြီးက အက္ခရာတစ်ခုတည်းကို သုံးနီကတ်ကေလေ့ စာပီကမတူ အခြားအခြားစီရာ။

Latin သို့မဟုတ် Roman လို့ခေါ်ရေ အက္ခရာကို တစ်ကမ္ဘာလုံးသုံးနီကတ်တေ၊ Roman အက္ခရာကို အသုံးပြုနီကတ်တေ နိုင်ငံတိကို အမေရိက၊ ယူရို၊ အာယှ၊ အာဖရိက နီရာတိုင်းမာ တွိနိုင်ရေ။ နိ့စိုင်ပြောဆိုနီကတ်တေ အိန်းဂလိခ်ျဘာသာစကးကိုလေ့ Roman အက္ခရာနန့် ရီးထားစွာဗျယ်။ အိန်ဂလန်၊ အမေရိကန်၊ ပြင်သစ်၊ အီတလီရို့တိမာ Roman အက္ခရာကိုသုံးရေ။ ဒေကေလေ့သော့ English Literature ရေ Italian Literature မဟုတ်။ အင်္ဂလိပ်စာပီဆိုစွာက အင်္ဂလိပ်လူမျိုး နှလုံးသားနန့် ခံစား၊ ရှာဖွီပနာ သိဟိနားလည် သဘောပေါက်ထားရေ အကြောင်းအရာတိကို အင်္ဂလိပ်ဘာသာစကားနန့် ရီးထားစွာကို ဆိုလိုရေ။ အီတလီစာပီဆိုစွာလေ့ ယပိုင်ဗျယ် အီတလီလူမျိုးရို့ နှလုံးသားနန့် ခံစားထားရေခံစားချက်တိ တွိဟိချက်တိ ပညာရပ်တိကို အီတလီဘာစကားနန့် မှတ်တမ်းတင်ထားရေ စာပီကို အီတလီစာပီလို့ခေါ်ရေ။ ယင်းအတွက်နန့် အက္ခရာတစ်ခြား စာပီတစ်ခြား။

မလေးယှား၊ အိန်ဒိုနီးယှားရို့မာလေ့ Roman အက္ခရာကိုသုံးရေ၊ လူအများစုက Roman အက္ခရာလို့ မသိကတ်၊ အိန်းဂလိခ်ျ အက္ခရာထင်နီကတ်တေ။ ထင်ချင်ပိုင်ထင် အိန်းဂလိခ်ျစာပီရေ မလေးယှား စာပီမဟုတ်စွာကဒေါ့ခါ သေချာရေ။ မဟုတ်ထင်ကေ သေသေချာချာ ပြန်စိုင်းစားကြည့်။

အေနိ့ရခိုင်အက္ခရာနန့် ဗမာအက္ခရာ တူချင်ပိုင် လူလီပတ်စီ၊ ရခိုင်ဘသာစကားနန့် ရီးရေစာသည် သာလျင် ရခိုင်စာပီဖြစ်တေ။ ဗမာပိုင်ရီးထားစွာရေ ရခိုင်စာပီမဟုတ်။ ယကေ ရခိုင်မာ စာပီဟိလား လို့ မိန်းချင်ရေလူတိ ဟိချင်ဟိကတ်ဖို့၊ ဟိရေ ဇာတိလေ့ သိန်ကန်မီရွှန်းလိုက်ရတု၊ မေဓပညာ မော်ကွန်း၊ ရခိုင်မင်းသမီးဧည့်ချင်း၊ တန်ခိုးဆရာထွန်းသာခြင်းတိရေ ရခိုင်စာပီတိဖြစ်ကတ်တေ။

သျှိက်စပီးယားရီးရေ ပြဇာတ်တိ အင်္ဂလိပ်စာပီမာ အရေးကြီးရေပိုင် အေထက်မာဖော်ပြခရေ ကဗျာ၊ လင်္ကာ၊ ဧည့်ချင်း၊ သာခြင်းတိကလေ့ ရခိုင်စာပီအတွက် သျှိက်စပီးယား လက်ရာတိထက် တန်ဖိုးကြီးရေ။

နိဂုံးချုပ်အနီနန့်ပြောရဖို့ဆိုကေ ဗမာနန့်အက္ခရာတူခြင်း မတူခြင်းရေ ရခိုင်စာပီအတွက် အရေးကြီးရေ အရာတစ်ခုမဟုတ်ပဲ ရခိုင်ဘာသာစကားနန့် ရီးသားခြင်းရာ ရခိုင်စာပီအတွက် အဓိကလိုအပ်ချက်ဖြစ်တေ။ ယင်းအတွက်နန့် ရခိုင်ဘုန်းကြီး ရခိုင်သား ရခိုင်သမတိ ရခိုင်ဘာသာစကားနန့် စာတိအများကြီး ရီးနိုင်ကတ်ပါစီ။

ရခိုင်စာပီတိုးတက်ပါစီလို့ ဆန္ဒပြုလျက်
တောဘုန်းကြီး

Read more...

Sunday, July 19, 2009

တိုးတက်သာယာ ပြည်ရက္ခာ

ရခိုင်ပြည်သာယာ
စားစရာမဟိ၊
တပူမှာနှစ်ပူထပ်တေ
မီး၊ရီလည်းမဟိ...။

ရခိုင်ပြည်သာယာ
ဝတ်စရာမဟိ၊
ချမ်းလိုက်တေခခိုက်တုန်းကေလည်း
ပဆိုးလည်းမဟိ...။

ရခိုင်ပြည်သာယာ
နှိုင်းယှဉ်စရာမဟိ၊
ပြောရေခါရခိုင်စကား
ရွီးလိုက်ကေ ပထွီးဘားကငှါး...။

ရခိုင်ပြည်သာယာ
လယ်ယာမြီပေါ၊
ထွန်စရာမြီမဟိကေ
တိုင်းတပါးကိုလား...။

ရခိုင်ပြည်သာယာ
လမ်းတိကကောင်း၊
ဝမ်းပူမကားနှင့်လားကေ
လမ်းမှာထွက်ကျဖို့ဂါ...။

ရခိုင်ပြည်သာယာ
ကြည့်ကတ်ပါဖိ၊
နှစ်ပေါင်းနှစ်ရာကျော်ကျွန်ဘဝမှာ
ခွီးထက်ဆိုးယင့်....။

..................

ပန်းဇင်း ဂေါင်းဗျောင်
အနောက်ရိုးမ

၂၀-၇-၂၀၀၉
၁၀:၀၂ am

Read more...

ကျွန်ဘဝရခိုင်ပြည်

မိစ္ဆာအောက်သား ခွီးမသားတိ
ငါ့ရို့ကိုကျွန်ပြု ပြည်ကိုလုပနာ
ကျင့်ချင်ပိုင်ကျင့် ခွီးထက်မိုက်ယင့်...။

ရွှီပြည်ကထွက် များပြားလှစွာ
ရတနာကို အညာကိုပြောင်း
သူရို့လူမျိုး ဝမ်းစာရဖို့
တိုက်ဆောက်ဖို့အတွက်
ရခိုင်သားတိ သွီးနန့်ချွေးနန့်
ရှာထားရိက္ခာ ဝမ်းစာတိကို
အဓမ္မသိမ်းယူ ခွီးပိုင်မူရေ
မိစ္ဆာအောက်သား စစ်ခွီးများ…။

ရခိုင်ပင်လယ် ယင်းကမ်းခြီက
ဓာတ်ငွေိ့သဘာဝ ထွက်ပြန်ကြလည်း
အောက်သားစစ်ခွီး မိစ္ဆာမျိုးတိ
တိုက်ယူပြီးကာ သိမ်းကျုံးလာလို့
ကျွန်ပြုခံထား ရခိုင်သားတိမှာ
ဆီးမီးခွက်ချေတောင် မထွန်းပြောင်နိုင်…။

ထို..ရှိအခါက
ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်ဌာနီကို
ရခိုင်ဘုရင် ထီးဖြူအုပ်ချုပ်
မင်းလုပ်စဉ်က ငါ့ရို့မွီးရာ
ပြည်ရက္ခာမှာ ဘုရားကျောင်းကန်
ဇာတီပုထိုးတိ ရွှီရောင်ငွီရောင်
ထထိန်ပြောင်ခ ခန့်နားခရ
ထင်ရှားစွ…။


အေနိန့်ချိန်ခါ ပြည်ရက္ခာကို
အောက်သားယုတ်မာ ခွီးမိစ္ဆာတိ
သိမ်းပိုက်အုပ်ချုပ် ခွီးပိုင်ယုတ်လို့
ကျောင်းကန်ဘုရား ဇာတီများမှာ
ထုံးဖြူမဟိ ရညှိတိတင်နိန်
ဇာတီတိကို ပြန်ပျင်ရေပိုင်
ဟန်တိဆောင်လို့ ရှိဟောင်းအမွီ
မွီသရီကိုလည်း ခိုးယူနိန်ရေ…။

အို..ရက္ခမဏ္ဍိုင် ပြည်ရခိုင်သား
လူအများရို့...
“ဗိုလ်ချုပ် မွီးနိ့၊ အာဇာနီနိ့
လွတ်လပ်ရေးနိ့၊ ဒေါ်စုမွီးနိ့”
နိန့်ပေါင်းများစွာ ရခိုင်သားတိ
Gtalk ကနီ Message တင်ရေ
Mail ကနီပနာ Forward လုပ်တေ
ဖေသာကုန်ခံပနာ ကျင်းပပါရေ
ရခိုင်သားတိ အသိတရား
သတိထားပနာ စဉ်းစားပါကတ်...။

ရခိုင်သား/သူတိ ယင်းခွီးတိကို
သတိတရ တမ်းတနိန်သမျှ
ကာလပတ်လုံး ရခိုင်ပြည်မ
ကျွန်ဘဝက ရွတ်ဖို့အရေး
ဝီလာဝီရေ မှတ်ထားလီဖိ...။

............

ပန်းဇင်း ဂေါင်းဗျောင်
အနောက်ရိုးမ

၁၉-၇-၂၀၀၉
၁၆:၄၆ pm

Read more...

Saturday, July 18, 2009

ဝေဒနာမိတ္တူ

ရီအိုင်မှာနစ်လို့
ဘဝတုံးဖို့ဖြစ်နိန်ရေ
ပျားချေတကောင်…။

အသက်တချောင်း
မသီကောင်းလို့
သနားကရုဏာစိတ်ချေနန့်
လက်ချေနန့်ဆယ်ယူလို့
အသက်ဘေးကလွတ်အောင်
ငါကယ်တင်ဖူးခရေ…။

သီဖို့ဖြစ်နိန် ထိုအချိန်က
ကယ်ပါကူပါ တဇာဇာနန့်
အီးယောင်ကူပါ ဘာဘာကူပါ
လူတိကူပါ အော်နိန်ပါယင့်…။

ယကေလေ့သင့်
ရီကကယ်ပနာ ရွှတ်လိုက်ရေနောက်
သူ့ကျေးဇူးသျှင် အသက်သျှင်၏
နုနယ်လက်ချေ အသွယ်သွယ်ကို
အဆစ်သုတ်ပနာ အဝီးတနိန်ရာသို့
သူကပျံလို့ လားခယင့်…။

…………

မောင်ပန်းဇင်း (ပညာမြီ)
၁၈-၇-၂၀၀၉
၁၈:၃၁ pm

Read more...

Thursday, July 16, 2009

မကြောက်ကေ့

ပြောလိုက်ကေတော့ခါ
ရခိုင်စကား
ရွီးလိုက်တော့ခါ
မျန်မာစာ...။

သူပြောရေစကား
နားထောင်ဖူးလား
“အချေဘဝက
ရခိုင်စာကို မသင်ခရလို့
ရခိုင်စာကို
မရွီးတတ်လတ်...။”

ဇာချင့်လဲ “ရခိုင်စာ”
ဇာချင့်လဲ “ရခိုင်စကား”
ခွဲခြားလို့ရာမသိပါကေ
ဇာပိုင်ယှင်းပြရဖို့လဲ...။

ယကေလေ့သင့်
ငါသိသလောက်
ငါယှင်းပြမေ
အိုမိတ်ဆွေ...။

မင်းရို့ငါ့ရို့ အချေဘဝက
“က,ကြီး၊ ခ,ခွေး”စရေဗျည်းတိ
ရွီးခကတ်စော် ငါ့ဘိုးဘွားတိ
သုံးလာကတ်တေ ရခိုင်စာယေ...။

အက္ခရာတူလို့
မျန်မာစာလို့ မင်းထင်ရေလား
သူငယ်ချင်း...။

ရခိုင်လီသံ အမှန်ကန့်နန့်
ရွီးသားပါကေ
ရခိုင်စာမဟုတ်လို့
ဇာသူတိက ပြောဖို့လဲ....။

ယင်းအတွက်ကြောင့်
ကိုယ့်စာပီကို သူများဘားက
ခိုးထားရေလို့ မထင်ဘဲနန့်
နိန့်စဉ်သုံးနိန် လီသံဒိန်နန့်
နိန့်စဉ်သုံးငြား ဝေဟာရများနန့်
သတ္တိဟိဟိ ရွီးလိုက်ဖိယေ
ငါ့ရို့ဟိရေ အားမငယ်ကေ့....။

..................

မောင်ပန်းဇင်း (ပညာမြီ)

၁၆-၇-၂၀၀၉
၂၂:၁၈ pm

Read more...

Sunday, July 12, 2009

Who?

Kills many monks, and commits
The offence of causing schism in monastic order,
But not Devadattha…

Destroys the Buddha Images,
But not Osamabinladen…

Lives under the ground,
But not King Yama…

Be a leader of genocide,
But not Hitler…

Eats human flesh,
But not Porisada…

Be with horn,
But not an ox…

Beats everyone and everything,
But not a mad dog…

-----------
Kyauk-roe-thar-chay

12-10-2007

Read more...

About This Blog

About This Blog

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP